Sony က mobile ဖုန်းတွေမှာ 4K video recording ကိုအစောဆုံးထည့်တဲ့ OEM တစ်ခုဖြစ်ပေမယ့် 2016 ရဲ့ X Series ဖုန်းတွေဖြစ်တဲ့ Xperia X, X Compact, X Performace တွေမှာ 4K recording ကိုဖြုတ်ချထားခဲ့ပါတယ်။

ဒါကိုပြန်ရအောင်လုပ်လို့ရပါတယ် လွယ်လွယ်လေးပါ။ Root တော့ရှိဖို့လိုပါတယ်။

Root access ရတဲ့ File Manager တစ်ခုခုကနေပြီး

/system/vendor/overlay/SuperVideoCamera-Enable-4K-Overlay-275-release.apk လေးကိုသွားပြီးဖျက်လိုက်ပါ။ (Root မရှိရင်တော့ဖျက်လို့မရပါဘူး။ )

ပြီးရင် ဖုန်းကို Restart လုပ်ပါ။ ပြန်တက်လာရင် Camera ရဲ့ Plug-in တွေထဲမှာ 4K recording plug-in လေးပေါ်နေပါလိမ့်မယ်။

#kyawzaww

27,515 total views, 72 views today

2 Give me a Heart, If you like that post!