Sony ဖုန်းတွေအတွက် Nougat firmware တွေထွက်လာပေမဲ့ Flashtool က Nougat firmware တွေကို support မလုပ်သေးတာကြောင့် Flash တဲ့အခါမှာ soft brick ဖြစ်ပြီး ဒုက္ခရောက်ကြတာတွေတော်တော်များများဖြစ်ကြပါတယ်။ ဒီ update မှာတော့ Nougat FTF တွေကို စိတ်ချလက်ချ flash လို့ရပါပြီ။ ဒါ့အပြင် root မထားတဲ့ဖုန်းတွေအတွက် TA Backup ကိုလဲ Flashtool ကနေတခါတည်းလုပ်နိုင်မှာပါ။ Root လုပ်လိုက်ရင် Key တွေပျက်မှာမပူရတော့ဘူးပေါ့။

Download ကို Flashtool official website ရဲ့ Download page ကနေတဆင့်ဒေါင်းလို့ရပါတယ်။

FLASHTOOL OFFICIAL WEBSITE DOWNLOAD PAGE 

C4 နဲ့ C5 မှာတော့ Flashtool ကိုအသုံးပြုလို့မရပါဘူး။ 

Credit: XperiaBlog

29,540 total views, 71 views today

2 Give me a Heart, If you like that post!