Xperia Beta program ဟာ Z2, Z3 တို့နဲ့ Marshmallow အတွက် testing လုပ်ရင်းစတင်ခဲ့ပါတယ်။ Marshmallow Xperia beta program ကအဆုံးသတ်သွားပေမဲ့ သိပ်မကြာခင်မှာပဲ X Performance အတွက် Nougat Beta program ကိုကြေညာပြီး Tester တွေခေါ်ခဲ့ပါတယ်။ Tester တွေနှစ်လနီးပါးစောင့်အပြီးမှာတော့ Sony က X Performance အတွက် Nougat beta ကို OTA ကတဆင့်ထုတ်ပေးလိုက်ပါပြီ။

မနေ့က Tester တွေဆီကို Xperia Beta app ကနေတဆင့် ၄၈ နာရီအတွင်း OTA ရမယ်လို့ Message ပို့ပြီး ၂၄ နာရီကျော်အကြာမှာ ထုတ်ပေးလိုက်တာပါ။ Firmware Build no.39.2A.0.248 ဖြစ်ပြီး October Security patch နဲ့ပါ။

Full Firmware အနေနဲ့ထုတ်တာမဟုတ်ပဲ OTA အနေနဲ့ပဲ Update ပေးတာမလို့ လောလောဆယ်မှာ တခြား Device တွေမှာသွင်းလို့မရသေးပါဘူး။ Port တွေထွက်လာခဲ့ရင်တောင် Beta က Single sim မှာပဲစမ်းတာဖြစ်ပြီး မြန်မာပြည်ကိုဝင်တဲ့ model တွေက Dual sim တွေဖြစ်လို့ သွင်းလို့ရမှာမဟုတ်ပါဘူး။ (ဆိုတော့ကာ..သတင်းလိုပဲဖတ်ပေးကြပါ၊ Firmware update news မဟုတ်ပါဘူး။)

#kyawzaww

32,226 total views, 71 views today

1 Give me a Heart, If you like that post!